Sunday, February 15, 2009


ပင်လုံမြေကို သက်သေတည်၍
#ပင်လုံမြေကို သက်သေတည်၍ကချင်……….ခါကာဘိုရာဇီမှာ၊ မှောင်ရီပြေးပြေးလေပြည်သွေးတဲ့ညအိပ်မရတာ အသေအချာဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။ကယား………လောပိတချောင်း၊ ရေစီးသံငြိမ့်ညောင်းအားကောင်းတဲ့ လျှပ်စစ်မီးခရီးနီးသော်လည်း သူမလာဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။ကရင်……….ဇွဲကပင်နဲ့ သံလွင်ခြေရင်းရှုခင်းတွေနဲ့ အလှပန်ချီကားခံစားနေဖို့ အခွင့်မသာဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။ချင်း…………၀ိတိုရိယတောင်တန်း ၊ ဇလပ်ပန်းရနံ့သင်းပျံ့ထုံကြူကြူလှမ်းခူးယူဖို့ အားနာဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။ဗမာ…………ရွှေဘုတ်အီသံ ၊ ချိုးကူသံကြားအညာထနောင်း ရိပ်မှာနားရင်းချွေးမသိပ်နိုင်အားသေးပါဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။မွန်………….ဆံတော်ရှင် ကျိုက်ထီးရိုးဘုရားရှေးဘိုးဘွားတို့တည်ထားခဲ့ငြားသဒ္ဓါပွားဖို့ ခွင့်ရေးမသာဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။ရခိုင်………..ရိုးမတောင်တန်း ၊ ယောင်ယမ်းရုန်းကြွဘင်္ဂလားပင်လယ်အော်က လှိုင်းသံတေးနဲ့အေးအေးနေဖို့ အခွင့်မသာဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။ရှမ်း………နှစ်သစ်ကူးပွဲ ၊ ဆင်ယင်နွှဲလည်းအိုးစည်သံဆိတ် မောင်းသံတိတ်၏အင်းလေးကန်မှာ နေခွင့်မသာဒီမိုကရေစီစနစ်ကို ငါလွမ်းတယ်။ကချင်.ကယား. ကရင်း. ချင်းဗမာ. မွန်.ရခိုင်.ရှမ်းရွှေရောင်လွှမ်းတဲ့ တို့မြန်မာမတရားဖိနှိပ်နေတဲ့ကြားကဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးတောင်းအပြောင်းအလဲတစ်ခုတော့ လိုချင်တယ်။ငါတို့ဟာ မြန်မာ…….တစ်ခန္ဓာမှာ စိတ်နှစ်စိတ်နဲ့ယမ်းငွေ့တွေ လွှမ်းနေတာကြောင့်တောရိပ်ကိုပဲ ဖြတ်ဖြတ်နယ်စပ်ကိုပဲ ရောက်ရောက်ခရီးတစ်ထောက်ပဲ နားနားအေးအတူ ပူအမျှနဲ့အခွင့်အရေးတန်းတူရတဲ့စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုပဲ ဖြစ်ချင်တယ်။မြန်မာပြည်သား

No comments:

Post a Comment